Thursday, August 6, 2015
Digital Multimeter အသုံးပြုနည်း
တိုင်းတာရရှိလာတဲ့ တန်ဖိုးတွေကို Digital Multimeter က Display Screen ပေါ်မှာ Digital ပုံစံနဲ့  ဖော်ပြပေးပါတယ်။Ac Volt , Dc Volt, Ac Current ,DC Current ,Component တွေကို စစ်ဆေးခြင်းနဲ့  Digital Gate Operation တွေဖြစ်တဲ့ (Hight , Low , Pulse ) စတာတွေကိုပါ တိုင်းတာ စစ်ဆေးပေးနိုင်ပါတယ်။
Digital Multimeter မှာ ခုလုတ် နှစ်ခုပါရှိပါတယ်
(၁) Rotary Switch
ခုလုတ်ပေါ်က မြှားပြထားတဲ့ဘက်ကို မိမိ တိုင်းတာချင်ရာ Scale Range မှာထားရှိရပါတယ်။
(၂)Sliding Switch
PWR (power on/off) ခုတ်လုတ်။ PK-DH Switch (screen မှာဖော်ပြထားသော အမျိုးမျိုးသော Rating တွေကို ဖော်ပြဖို့ )တို့ ဖြစ်ပါတယ်။
Pin Plug
အနီရောင် ထောက်တံ ၊ အနက်ရောင် တောက်တံ တွေ နဲ့ ဆက်သွယ်ဖို့  Pin Plug (၄)ပေါက် ပါရှိပါတယ်။
(၁) COM
Common ရဲ့  အတိုကောက် ဖြစ်ပါတယ်။ Multimeter အသုံးပြုဖို့ အနက်ရောင် ထောက်တံကို COM ပေါက်မှာ ထိုးရပါတယ်။
(၂) VW (or) VΩ
Voltage နဲ့  Resistance တွေကို တိုင်းတာဖို့  အနီရောင်ထောက်တံ ကို VW (or) VΩ ပေါက်မှာထိုးရပါမည်။AC မှာ 750V အများဆုံး တိုင်းတာနိုင်ပြီး DC မှာ 1000V အများဆုံးတိုင်းတာနိုင် ပါတယ်။
(၃) mA
လျှပ်စီး Current ကို တိုင်းတာတဲ့ အပေါက်ဖြစ်ပါတယ်။ 200 mA (Milli Ampere) ထိတိုင်းတာနိုင်ပါတယ်။အများဆုံးတိုင်းတာနိုင်တဲ့ ပမာဏကို MAX 200mA လို့ ရေးထားပါတယ်။MAX ဆိုတာ Maximum ကိုပြောတာပါ။
(၄)10A
10 Ampere ထိတိုင်းတာနိုင်ပါတယ်။ ထောက်တံ အနီ ထိုးရမည့် အပေါက်ဖြစ်ပါတယ်။
Checking Range
အမျိုးမျိုးသော Electronic တွေကို ပုံစံမျိုးစုံနဲ့  တိုင်းတာနိုင်ရန် Range အမျိုးမျိုးပါ ၀င်ပါတယ် ။
၎င်းတို့ ကိုတိုင်းတာရန် Rotary Switch ဖြင့်မိမိတိုင်းတာချင်ရာကို လည့်ပြီးတိုင်းတာနိုင်ပါတယ်
(၁)DC Volt Range (Symbol က )
DC Volt ကို တိုင်းတာချင်ရင် ဒီ Range မှာထားရပါမယ်။ DC Volt တိုင်းတာရန် (၅)နေရာ ပါရှိပါတယ်။
200 mV
2 V
20 V
200 V
1000 V
တို့ ဖြစ်ပါသည်။
DC Current Range
DC Current ကို တိုင်းတာချင်ရင် ဒီ Range မှာ ထားရပါမည်။ DC Current တိုင်းတာရန် (၄)နေရာရှိပါတယ်။
2 mA
20 mA
200 mA
10 A
တို့ ဖြစ်ပါတယ်။
DC တွေ ပြီးတော့ AC ပေါ့
AC Volt Range
AC Volt ကိုတိုင်းတာချင်ရင် ဒီ Range မှာတိုင်းပါ။AC Volt တိုင်းတာဖို့ အတွက် (၅)နေရာ ရှိပါတယ်။
200mV
2mV
20mV
200mV
750mV
တို့ ဖြစ်ပါတယ်။
AC Current Range
AC Current ကိုတိုင်းတာချင်ရင် ဒီ Range မှာတိုင်းပါ။ တိုင်းတာဖို့  (၄) နေရာရှိပါတယ်။
10 A
200mA
20mA
2mA
တို့ ဖြစ်ပါတယ်။
Ohm Range (Ω)
Ohm ကို တိုင်းတာချင်ရင် ဒီ Range မှာ ထားရပါမည်။ တိုင်းတာဖို့  (၇) နေရာ ပါရှိပါတယ်။
200
2K
20K
200K
2M
20M
200M
တို့ ဖြစ်ကြပါတယ်။
Farad Range
Farad ကိုတိုင်းတာချင်ရင် ဒီ Range မှာတိုင်းတာနိုင်ပါတယ် ။ Capacitor ကိုတိုင်းတာဖို့ အတွက် Farad တန်ဖိုးနဲ့  တိုင်းတာဖို့ ရာ (၅) နေရာသတ်မှတ်ထားပါတယ်။
200µ
20µ
200n
20n
တို့ ဖြစ်ပါတယ်။
ဟဲဟဲ ဒါလေးကတော့
အဆက်သွယ်ရှိ ရင် အသံလေးမြည်ပါတယ်။
AC Volt ကိုတိုင်းတာနည်း
COM ပေါက်မှာ ထောက်တံ အနက်။VΩ ပေါက်မှာ ထောက်တံအနီ ။AC V Range ခုလုပ်ကို မိမိတိုင်းတာလိုသည့် နေရာမှာထားပါ။တိုင်းတာချင်သည့် Volt ပမာဏကို အတိအကျ မသိရင် ခန့် မှန်းထားတဲ့ Volt ထက်ပိုမြင့်တဲ့ Volt Position မှာရွေးချယ်ထားပါ။နဲနေရင် Fulse ပြတ်သွားပါလိမ့်မယ်။ထောက်တံကိုထောက်၍တိုင်းတာလျှင် တန်ဖိုးတွေကို Display Screen မှာ ဖတ်ရူနိုင်ပါတယ်။
DC Volt ကို တိုင်းတာနည်း
COM ပေါက်မှာ ထောက်တံ အနက်။VΩ ပေါက်မှာ ထောက်တံအနီ ။DC V Range ခုလုပ်ကို မိမိတိုင်းတာလိုသည့် နေရာမှာထားပါ။တိုင်းတာချင်သည့် Volt ပမာဏကို အတိအကျ မသိရင် ခန့် မှန်းထားတဲ့ Volt ထက်ပိုမြင့်တဲ့ Volt Position မှာရွေးချယ်ထားပါ။နဲနေရင် Fulse ပြတ်သွားပါလိမ့်မယ်။ထောက်တံကိုထောက်၍တိုင်းတာလျှင် တန်ဖိုးတွေကို Display Screen မှာ ဖတ်ရူနိုင်ပါတယ်။
AC Current ကိုတိုင်းတာနည်း
Com ပေါက်မှာ ထောက်တံအနက် ကိုထားပါ။ 10A ပေါက်မှာ အနီ ထောက်တံကိုထားပါ။A~ Range ခုလုပ်ကို မိမိ ထားလိုသည့် နေရာမှာ လှည့်ထားပါ။ ထိုနောက် Power Supply မှ ထွက်ရှိလာသော အနှုတ်ဗို့ ကို သုံးစွဲမည့်စက်၏ အနုတ်ဗို့ နေရာသို့ တိုက်ရိုက်ဆက်သွယ်ပါ။Power Supply မှ ထွက်ရှိလာသော အပေါင်းဗို့ နေရာတွင် မီတာ၏အနီလက်တံကို ထောက်ပါ။ထိုနောက် မီတာ၏အနက်လက်တံကို တိုင်းတာမည့် စက်၏အပေါင်းဗို့ ပေးသွင်းရမည့် နေရာတွင်ထောက်ပါ။ပြီးလျှင် ပါဝါခုလုပ်ကို ဖွင့်လိုက်ပါ။ထိုအခါ Amper ကိုတိုင်းတာနိုင်ပါပြီ။
10A Range နဲ့ တိုင်းတာနေစဉ်အတွင်းမှာ မီတာထောက်တံတွေကို Seconds 30 ထက်ပိုမထောက်မိစေရန်သတိပြုပါ။
DC Current ကို တိုင်းတာခြင်း
Com ပေါက်မှာ ထောက်တံအနက် ကိုထားပါ။ mA ပေါက်မှာ အနီ ထောက်တံကိုထားပါ။ Range ခုလုပ်ကို မိမိ ထားလိုသည့် နေရာမှာ လှည့်ထားပါ။ ထိုနောက် Power Supply မှ ထွက်ရှိလာသော အနှုတ်ဗို့ ကို သုံးစွဲမည့်စက်၏ အနုတ်ဗို့ နေရာသို့ တိုက်ရိုက်ဆက်သွယ်ပါ။Power Supply မှ ထွက်ရှိလာသော အပေါင်းဗို့ နေရာတွင် မီတာ၏အနီလက်တံကို ထောက်ပါ။ထိုနောက် မီတာ၏အနက်လက်တံကို တိုင်းတာမည့် စက်၏အပေါင်းဗို့ ပေးသွင်းရမည့် နေရာတွင်ထောက်ပါ။ပြီးလျှင် ပါဝါခုလုပ်ကို ဖွင့်လိုက်ပါ။ထိုအခါ Amper ကိုတိုင်းတာနိုင်ပါပြီ။
Tuesday, August 4, 2015
http://www.formymobile.co.http://www.formymobile.co.uk/disassembly.php#.VTztGNIirIUuk/disassembly.php#.VTztGNIirIU
မင်္ဂလာပါခင်ဗျာ..........ကျနော်အခုပြောချင်သောအကြောင်းအရာကတော့ ၊မိုဘိုင်းလ်နဲ့ပတ်သတ်လို့
ပါဝါမနိုးခြင်း(no power)ထဲမှ ၊ရှောစ့်(shock)ဖြစ်သောဆားကစ်ဘုတ်ပြားအား စမ်းသပ်ရာတွင်အသုးံပြုသော 5 Ampere power supply အကြောင်းကိုပြောကြားပေးသွားမှာဖြစ်ပါတယ်။
5 Ampere Power Supply မှာဆိုရင်လည်း
တံဆိပ်အမျိုးမျိုးဝင်ရောက်လျှက်ရှိကြပါတယ်ခင်ဗျာ။ဈေးနှုန်းများကတော့ ၅သောင်းလောက်မှစတင်§
၆သောင်းခွဲ၊၇သောင်းလောက်ထိတော့ရှိပါတယ်လိုပြောကြားချင်ပါတယ်ခင်ဗျာ။
အခုကစတင်ပြီးတော့ 5ampere power supply
နဲ့ပတ်သက်ပြီးတော့ပြောပြသွားမှာဖြစ်ပါတယ်။၎င်း
power supply သည်၊နိုးပါဝါရှော့စ်ကျသောအခါ§
အသုးံပြုရမည်ဖြစ်ပါသည်။(ရှောစ့်ထဲမှာမှ input shock ကိုစမ်းသပ်ရခြင်း)5Ampere တွင်ပါဝင်သော
Function အစိတ်အပိုင်းများမှာတော့ 5A PS ၏ညာဘက်အောက်တွင်တွင်တည်ရှိသော နီ၊၀ါ၊နက်
ပင်ပေါက်များသည် ဆားကစ်ဘုတ်ပြားတွင်တည်ရှိသော Battery connector ငုတ်များအားချိတ်ပေးရမည် power supply ကြိုးပေါက်များဖြစ်ပါတယ်။
၎င်း power supply ကြိုးပေါက်ချိတ်ဆက်ရာတွင်
အနီကြိုးသည် အနီပေါက်သို့ထည့်ရမည်ဖြစ်ပြီး၊အ
နက်ကြိုးသည် အနက်ပေါက်သို့ထည့်ရမည်ဖြစ်ပြီး၊အရောင်ပေါက်သည် ဆားကစ်ဘုတ်ပြားအား Ground
(GND)ချသောအပေါက်ဖြစ်ပါတယ်။Ground ဆိုသည်မှာအနုတ်ဓတ်ပိုမိအောင် ထည်သွင်းးထား
ခြင်းဖြစ်ပါ။ခြုံပြီးပြောရမယ်ဆိုရင်တော့ cicuit board
အားပါဝါကြွေးသော ၊ ပင်ပေါက်များဖြစ်ပါတယ်။
နောက် function တစ်ခုကတော့ အနီ၊အ၀ါ၊အနက်ရောင် ပင်ပေါက်များရဲ့အပေါ်တွင်တည်ရှိသော
သင်္ကေများမှာတော့ voltage လို့စာသားရေးသားပြီး
အောက်တွင် adjust control နှစ်ခုပါဝင်ပါတယ်။
Voltage ဆိုသောစာသားသည် ဗို့အားကိုဖော်ညွှန်း
ထာခြင်းဖြစ်ပြီး adjust control နှစ်ခုသည် ဗို့အားကို
အတိုး၊အရှော့ ပြုလုပ်ပေးသော control ဖြစ်ပါတယ်။
ဗို့အားပေးရာတွင် မိုဘိုင်းလ်ဖုန်းပြုပြင်သောကြောင့်
D-C 4V to 5V ပေးသွင်းရမှာဖြစ်ပါတယ်။မှတ်ချက်။ ။
5V ထက်ကျော်ပေးပါက circuit board ပေါ်တွင်တည်ရှိသော I.C(integrated circuit) များနှင့်
P.C.B(printed Circuit Board) ပတ်လမ်းများအား
ပျက်ခြင်း(သို့မဟုတ်) ဆားကစ်ဘုတ်ပြားအားရှော့စ်ကျခြင်းတို့ဖြစ်တက်ပါတယ်။ဗို့ပေးရာတွင်အသုးံပြုရမည့် adjust control နှစ်ခုမှာညာဘက်
adjust control သည် ပေးချင်သောဗို့အားကိုလိုအပ်
သလို အမြန်တင်သုးံရသော control ဖြစ်ပါတယ်။ဘယ်ဘက် adjust control သည်မိမိပေးချင်သော
ဗို့အားကို ပွိုင့်ဗို့ခြင်းတင်§ အသုးံပြုရခြင်းဖြစ်တယ်လို့
မှာကြားချင်ပါတယ်။
နောက်ထပ် function အနေအထားကတော်
Current လို့ရေးသားဖော်ပြပေးထားခြင်းစာသားဖြစ်
ပြီး၊စာသား၏အောက်ဘက်တွင်တည်ရှိသော adjust
Control နှစ်ခုသည် current လို့ခေါ်ဆိုသော ampere နှုန်းကို adjust control ပြုလုပ်ပေးသော control ဖြစ်ပါတယ်။၎င်း adjust control သည်
မိမိစမ်းသပ်လိုသော ရှောစ့်ကျသောဆားကစ်ဘုတ်ပြားအား Battery connector ၏ပင်ငုတ်များအား
ပါဝါဗို့အား 4v to 5v ကြွေးပြီးပါက5APowerSupply
တွင်ပါရှိသော L.C.D. digital ဂဏန်းများအား L.C.D
ဒိုင်ခွက်ပေါ်တွင် ampere နှုန်းကိုဖော်ပြပေးပါလိမ်မည်။ပြသနေသော ampere နှုန်းဖြင့် ရှောစ့်မပြသပါက current ဆိုသာစောသားအောက်တွင်
adjust controlနှစ်ခုကိုအသုးံပြုရမည်ဖြစ်ပါသည်။
ညာဘက် control ကတော့ ampere ကို မိမိလိုအပ်သလောက်တင်ပြီး ၊သုးံရမှာဖြစ်ပြီး ဘယ်ဘက်က control ကတော့ ampere နှုန်းကိုပွိုင့်လောက်တန်ဖိုး
အတိုးအလျှော့လုပ်အသုးပြုရမှာဖြစ်ပါတယ်။
Current စာသားနှင့် Voltage ဆိုသောစာသားနှစ်ခုကြားတွင်တည်ရှိသော ခလုတ်လေးသည် ampere
Low ampere နှင့် High ampere ကိုဖော်ပြပေးတာဖြစ်ပါတယ်။၎င်းခလုတ်သည် မိမိအသုးံပြုချင်သောamprre အနည်း ၊အများကိုရွေးချယ်ပေးရခြင်း
ဖြစ်ပါတယ်။တစ်ချို့ရှော့စ်များသည် ampere အနည်းတွင်ထားစမ်း§ မရနိုင်ပါသဖြင့် ampereအများခလုတ်တွင်ထားစအ်းမှသာလျှင့်ရပါသည်။မှတ်ချက်။ ။ ရှောစ့်ကျနေသာဆားကစ်
ဘုတ်ပြားသည် 5A Power Supply ဖြင့် စမ်းသပ်
ရာတွင် ရှောစ့်ကျသော I.C ,Cap:,Res:Dio:,F.E.T (Q) များသည် တစ်ခြားအလုးံ (သို့ မဟုတ်)ပစ္စည်းများ
ပူနေပါလိမ်မည်။၎င်းပူနေသာအလုးံအားရှောစ့်ကျ§
ပျက်နေခြင်းဟုသိရပါလိမ်မည်။ပူနေသောဖြုတ်ပေးမှသာလျှင်ပါဝါနှိုးပါလိမ်မည်။
နောက်ဆုးံကျန်ရှိနေသာ function အစိတ်အပိုင်
းကတော့ Voltage အပေါ်တွင်တည်ရှိသောL.C.D
Digital ဒိုင်ခွက်နှင့် Current စာသား၏အပေါ်ဘက်
တွင်တည်ရှိသော L.C.D Digital ဒိုင်ခွက်ကတော့
မိမိတိုအသုးပြုနေသော ဗို့အားနှင့်အင်ပီယာအား
တို့ကို ဘယ်လောက်တန်ဖိုးရှိသလဲဆိုတာကိုဖော်ပြပေးသောဂဏန်းများဖြစ်ပါတယ်။R.F(radio frequency) နှုန်းကိုဖော်ပြပေးထားခြင်းဖြစ်ပါတယ်။ဘယ်လိုအသုးံပြု ကြလဲဆိုတော့ မိုဘိုင်းလ် radiation frequency လှိုင်းနဲ့ချိတ်မိနိုင် ၊မမိနိုင်ကို radio frequency လှိုင်းတန်ဖိုနဲ့ဖော်ပြပေးသွားမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ ပါဝါဆက်ပလိုင်း
ချိတ်သောပင်ပေါက် အနီ၊အ၀ါ၊အနက်ရောင်ပေါက်ရဲ့ဘေးတွင်ရှိသောခလုတ်ကတော့ 5 ampere power
Supply ၏ power ခလုတ်အဖွင့်အပိတ်ဖြစ်ပါတယ်လို့ပြောကြားရင်းနဲ့ဘဲ ဒီမှာပဲနိဂုန်းချုပ်အပ်ပါတယ်ခင်ဗျာ။
မိုဘိုင်းလ်ဖုန်း Hardware နည်းပညာအားလေ့
လာချင်သူများအတွက်ကြိုဆိုပါတယ်ခင်ဗျာ။Hardware ပညာရပ်သည်ဝါသနာပါမှသာလျှင် တတ်မြောက်ကြမှာဖြစ်ပါတယ်။အဲဒီတော့ မိမိကိုမိမိဝါသ
နာပါမပါကိုအရင်စမ်းစစ်ပါ။ဝါသနာပါလို့ ကတော့
အချိန်ကုန်လို့ကုန်မှန်းတောင်သိမှာမဟုတ်ပါဘူး။ကိုယ်ပြင်တဲ့ဖုန်း ပြန်ကောင်းသောအခါမှာ စိတ်ထဲမှာအရမ်းကြည်းနူးဖို့ကောင်းပါတယ်။ကြိုးစားကြပါ
လို့ပြောချင်ပါတယ်ခင်ဗျာ။ပျနော်အတတ်နိုင်ဆုံးကြိုးစားပြီးတော့တင်ပေးသွားမှာပါ။အားလုးံအဆင်ပြေ ချောမွေ့ကြပါစေလို့ဆုမွန်ကောင်း
တောင်းပေးလိုက်ပါတယ်ခင်ဗျာ။
မင်္ဂလာပါခင်ဗျာ။
ယခုတပတ်မှာတင်ဆက်ပေးချင်ပေးချင်တဲ့အကြောင်းအရာကတော့မိုဘိုင်းလ်ဖုန်းပြု ပြင်ရာ§ အသုးံပြု ရသော 1Ampere Power Supply
စက်အကြောင်းကိုအသေးစိတ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
ကဲဒါဆိုရင် စက်အသုးံပြုနည်းလေးကိုစလိုက်ရအောင်နော်..............
၎င်းPS တွင်ပါဝင်သောအစိတ်အပိုင်းမှာ........
‪#‎Dial‬ Scale ဟူ၍ဒိုင်ခွက်နှစ်ခုပါဝင်မှာဖြစ်ပါတယ်။
ဘယ်ဘက်ကdial scaleသည် V သင်္ကေတသည်
D-C(direct current)Volt ကိုရည်ညွှန်းဖော်ပြထားခြင်းဖြစ်ပါတယ်ခင်ဗျာ။၎င်းဒိုင်ခွက်သည် မိမိပေးသောဗို့အားများအလိုက်ညွှန်ပြပေးမှာဖြစ်ပါ
တယ်။ဥပမာ။ ။မိမိ ၄ဗို့ပေးလိုပါက ၄င်းV ဒိုင်ခွက်တွင် ၄စကေးစိတ်တွင် မြားတံ(pointer)အားညွှန်ပြနေပါလိမ်မည်။
ညာဘက်က dial scale သည် A သင်္ကေတသည်
Ampere အားကိုဖော်ပြပေးထားခြင်းဖြစ်ပါတယ်။
၎င်း A ဒိုင်ခွက်သည် ဘာကိုဆိုလိုချင်တာလဲဆိုတော့
ဥပမာ။ ။ PCB (printed circuit board)သို့မဟုတ်
ဆားကစ်ဘုတ်ပြားတစ်ပြားအား D-C volt 4Volt
ပေးပြီး power နှိုးရာ§ Board ပြား၏အလုပ်လုပ်ရာ§
ဘယ်လောက်A ဆွဲတယ်ဆိုတာကိုဖော်ပြပေးခြင်းဖြစ်ပါတယ်။ဆားကစ်ဘုတ်ပြားတစ်ပြား§ ပုံမှန်ဆွဲရ
မည့် A အားမှာ 0 to 0.2 ကြားတွင်သာဖော်ပြပေးရမည်ဖြစ်ပါတယ်။0 to 0.2 အထက်မြားတံ(pointer)သည်ပြသနေပါက ၄င်းဘုတ်ပြားသည် ပုံမှန် A တော့မဟုတ်ပါ။ထားပါတော့
A ဒိုင်ခွက်နှင့်ပတ်သက်ပြီးတော့နားလည်လောက်မယ်လို့ထင်မိပါတယ်ခင်ဗျာ။
နောက်တစ်ခုကတော့ V ဒိုင်ခွက်ရဲ့အောက်တွင်တည်ရှိသော adjust control သည် D-C voltage ကိုလိုအပ်သလို အတိုးအလျှော့ ညှို့လို့ရအောင်
ထည်သွင်းထားသော control ဖြစ်ပါတယ်။
မှတ်ချက်။ ။မိုဘိုင်းဖုန်းပြု ပြင်ရာ§ ပေးရမည် D-C power voltage မှာ 4 volt to 5 volt သာအသုးံပြုရပါလိမ့်မည်။5 volt ထက်ကျော်ပေးပါ
က၄င်းဆားကစ်ဘုတ်တွင်တည်ရှိသော AC1 I.C နှင့်
PMU I.C တိုလောင်ပြီး Shock ကျတတ်ပါလိမ်မည်။
Output ဆိုသောစာရဲ့ဘေးတွင်တည်ရှိသောအနီ
ပေါက်နှင့်အနက်ပေါက်ဟူ၍နှစ်ပေါက်ရှိပါတယ်ခင်ဗျာ။၎င်းအပေါက်များသည် power supply ကြိုးထည်ရမည့်ဖြစ်ပြီးအနီတွင်အနီကြိုးထည့်အနက်ပေါက်တွင် အနက်ကြိုးထည့်ရမည်ဖြစပါတယ်။၎င်းထည့်သွင်းလိုက်သောကြိုးစသည် ဆားကစ်ဘုတ်၏ အပေါင်းအနုတ်ချိတ်ပေးရမည်ဖြစ်ပါတယ်။
နောက်ထပ်ပြောချင်တာကတော output ၏မျက်နှာချင်းဆိုင်တွင်တည်ရှိသော Test ဆိုတဲ့အကြေင်းပြောပြချင်ပါတယ်။Test ဆိုသည်မှာအပါင်းပေါက်နှင့်အနုတ်ပေါက်ဟူ၍ နှစ်ပေါက်ပါဝင်မှာဖြစ်ပါတယ်။အနက်ပေါက်သည် test တိုင်းသောအနက်တံသည်
ထည်စရာမလိုအပ်ပါ၊အဘယ်ကြောင့်ဆိုသော် output တွင်တည်ရှိသောအနက်အားဆားကစ်ဘုတ်
ချိတ်လိုက်ပါ ၄င်းနစ်ခုသည်တစ်ဆက်တည်းဖြစ်သောကြောင့်ထည်တိုင်းရန်မလိုအပ်တော့ပါ။အနီပေါက်တွင်တော့ probe တံအနီတံထည့်ပြီး ဗို့များတိုင်းရမှာ
ဖြစ်ပါတယ်။ဗို့တိုင်းရာတွင် output နှင့် test ဟူ၍စာသား၏အပေါ်တွင် အတံလေးတစ်ခုရှိပါသည်။၎င်းအတံလေးသည် ဘယ်ဘက်ကိုရွှေ့ပါက power supply မှပေးသောဗို့ကိုဆိုလိုထားခြင်းဖြစ်သည်။ညာဘက်ရွှေ့သောအခါတွင် ဆားကစ်ဘုတ်ပြား၏
အတွင်း§ Capacitor,Resistet,Coil,Doide...... I.Cအစရှိသဖြင့်ပစ္စည်းများအားအလုပ်လုပ်နိုင်အောင်ပေးသောဗို့စစ်ရာ§ အသုးံပြုရခြင်းဖြသ်ပါတယ်ခင်ဗျာ။
အထက်ဖော်ပြပါအစိတ်အပိုင်းများပြီးဆုးံပါက
L.E.D. မီးအနီရောင်ဖြင့်ဖော်ပြပေးထားသော
digital ဂဏန်းသည် မိမိပေးချင်သောဗို့(သို့မဟုတ်)
ဆားကစ်ဘုတ်ပတ်လမ်းအတွင်းရှိသော Capacitor
Resister,Diode,Coil,I.C .........အစရှိသဖြင့်ပစ္စည်း
များတွင်ဘယ်လောက်ဗို့ရောက်မရောက် ၊ရှိမရှိကိုပြသပေးသော L.E.D. Digital ဂဏန်းများဖြစ်ပါတယ်။
Test ၏အပေါ်တွင်တည်ရှိသောအနီရောင်ခလုတ်တွင်powerလို့ ရေးထားတာကတော့သည် အားလုးံသိမယ်လို့မျှော်လင့်မိပါတယ်။၎င်းစက်ရဲ့power on,off switch ဖြစ်ပါတယ်။နောက်ဆုးံတစ်
ခုကျန်ရှိတဲ့အပိုင်းကတော့ L.E.D Digital ဂဏန်းရဲ့ဘေးတွင်တည်ရှိသော R.F(radio frequency)ကိုဆိုလိုထားတာဖြစ်ပါတယ်။Radio
Frequency ဆိုသည်မှာဘာကိုဆိုလိုတာလဲဆိုတော့
မိုဘိုင်းလ်network၏တုန်ကြိမ်နှုန်းလှိုင်းနှင့်ချိတ်ဆက်မိသောအခါ§ R.F ၏အပေါ်တွင် radio frequency
ဖော်ပြသောတန်ဖိုးကိုဆိုလိုထားခြင်းထားဖြစ်ပါတယ်လို့ပြောကြား နိဂုးံချုပ်လိုက်ပါတယ်ခင်ဗျာ။နားမလည်လိုက်သောအပိုင်းများအား chat box မှတစ်ဆင့်လှမ်းမေးနိုင်ပါတယ်။
ကျနော်ရေးသားတင်ဆက်သော 1A(ampere) Power Supply အသုးံပြုနည်းအား မိတ်ဆွေ၊သူငယ်ချင်း၊ညီအစ်ကိုမောင်နှမများနှင့်ချစ်တပည့်များအားလုးံ
အား သိသောသူရှိသလို မသိသေးသောသူများရှိကြလိမ့်မယ်လိုထင်မိပါတယ်။သိသောသူများကလည်း ပို၍မှတ်မိပြီးတော့၊မသိသေးသောသူကလည်းအတိုင်းအတာတစ်ခုလောက်ထိတော့နားလည်မယ်လို့လည်းထင်မပါတယ်။အားလုးသဘောပေါက်နားလည်တယ်ဆိုရင်တော့
ကျနော်လည်း အပင်ပန်းခံရကြိုးလေးနပ်ပါတယ်။
အားလုးံကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာပြီး လိုအင်ဆန္ဒတစ်လုးံတစ်ဝ ပြည့်ဝပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ခင်ဗျာ။
မင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာ....
ယခုတစ်ခေါက်မှာပြောချင်သောအကြောင်း
အရာကတော့ ၊မိုဘိုင်းဖုန်းပြုပြင်ရာတွင်မသုံးမဖြစ်
အသုးံပြုရမည့်စက်အကြောင်းကိုအသေးစိတ်ဖော်ပြ
ပေးသွားမှာဖြစ်ပါတယ်။၎င်းစက်အမျိုးအစားသည်
မိုဘိုင်းလ်ဖုန်းဟန်းဆက်၏အတွင်းတွင်တည်ရှိကြ
သော Capacitor(C),Coil(L),Diode(D),Transistor
(Q),Fuse(F),Resister(R),Crystal(Y),I.C(integrated circuit),Connector(J),L.C.D(liquid crystal display),Touchနှင့်Glass.......အစရှိသဖြင့်ပစ္စည်း
များဖြုတ်ခြင်း၊တပ်ခြင်းပြုလုပ်ရာအသုးံပြုရခြင်းဖြစ်ပါသည်။၎င်းစက်အမျိုးအစား၏အမည်မှာHeat Gun (Quick 2008)စက်ဖြစ်ပါသည်။Heat Gun သည်
တာအသုးံပြုချင်ကြသူများအား Quick 2008 ကိုအ
သုးံပြုကြပါလို့ပြောကြားချင်ပါတယ်ခင်ဗျာ။ Quick 2008 အရည်အသွေးကောင်းတယ်လို့ပြောပြီး၊ကျန်သော Heat Gun အမျိုးအစားများအားမကောင်းဘူးလို့ဆိုလိုချင်တာတော့ မဟုတ်ပါဘူး၊သူဟာဘေးနံ့သူတော့အဆင်ပြေပါတယ်။မှတ်ချက်။ ။Heat
Gun & Soldering Iron တွဲလျှက်ပါဝင်သောစက်များ
အား အရည်အသွေးမပြည်မှီသောကြောင့် ၅လ၊၆လ
လောက်သာအသုးံပြုရပြီးတော့ အထဲထဲ့တွင်ပါဝင်သော Transformer များပျက်တက်ကျပါသည်။အဲဒီ
တော့ အသုးံမပြုဖို့ဘဲတိုက်တွန်းချင်ပါတယ်ခင်ဗျာ။Heat Gun ဈေးနှုန်းများမှာတော့ ၊အမျိုးအစားအပေါ်
မှုတည်ပြီးတော့ ၅သောင်း လောက်မှစ§ ၈သောင်း
လောက်ထိတော့ရှိပါတယ်ခင်ဗျာ။
အခုမှစတင်ပြီးတော့ Heat Gun (Quick 2008)
နဲ့ပတ်သတ်ပြီးတော့ အသုးံပြုပုံပြုနည်းကိုရှင်းပြပေးတော့မှာဖြစ်ပါတယ်။ကျနော်တို့ heat gun၏ဘယ်ဘက် အပေါ်ထိပ်ဘက်ရေးထားသော CH1,CH2,
CH3 function အကြောင်းအရာကိုရှင်းလင်းပေးမှာ
ဖြစ်ပါတယ်။CH၏အရှည်ကောက်မှာ channelဖြစ်ပြီး
တော့ channel 1,2,3သည် အပူချိန်သင်္ကေတကိုဖော်ပြသောစာသားဖြစ်ပါသည်။channel 1သည်အပူချိန်
၁၀၀ဒီဂရီကိုဆိုလိုပြီး၊channel 2သည်အပူချိန် ၃၀၀
ဒီဂရီဖြစ်ပြီး၊channel 3သည်အပူချိန် ၅၀၀ဒီဂရီတို့ဖြစ်ပါတယ်။၎င်းအပူချိန်များသည် မိုဘိုင်းဖုန်းဆားကစ်
ဘုတ်ပြားပေါ်တွင်တည်ရှိသော R,C,L,D,F,Q,Y,J,I.C...
အစရှိသဖြင့်ပစ္စည်းများအားဖြုတ်ခြင်း၊တပ်ခြင်းတို့ပြု
လုပ်ငေါအခါတွင်အသုးံပြုရမည့်ဖြစ်ပြီး၊အပူချိန်မှာတော့ ၂၇၀ ဒီဂရီမှ ၃၀၀ ဒီဂရီကြားတွင်သာအသုးံပြုရ
မည်ဖြစ်ပြီး၊၃၀၀ဒီဂရီအပူချိန်ထက်ကျော်လွန်ပါ၊အခပ်
မသင့်လျှင်မိမိဖြုတ်သောပစ္စည်း(သို့မဟုတ်)ဆားကစ်
ပတ်လမ်းများအား ပျက်တတ်ခြင်း၊ရှော့စ်ကျခြင်းတို့
ဖြစ်တတ်ပါသည်။အဓိကပြောချင်တာကတော့ အပူချိန်ဒီဂရီ ၃၀၀ ထက်မကျော်လွန်ဖို့သတိပေးချင်ပါတယ်ခင်ဗျာ။
နောက် function တစ်ခုကတော့ CH1,CH2,
CH3....အောက်တွင်တည်ရှိသော Air လို့စာသားရေးထားပြီး၊၄င်း Air adjust control သည် လေအ
တိုး၊အလျှော့ပြုလုပ်သောအခါတွင်အသုးံပြုရမည့်
Adjust control ဖြစ်ပါသည်။Air controlသည်ဆား
ကစ်ဘုတ်ပြားရှိပစ္စည်းများအားဖြုတ်ခြင်း၊တပ်ခြင်းပြု
လုပ်သောအခါတွင် အပူချိန်သည် ၂၈၀ မှ ၃၀၀ထိ
ထားပြီး၊လေကတော့ ၈၀ မှ ၁၀၀ ထိထားပြီးပေးပြီး
ဖြုတ်ပေးရပါမည်။Air adjust control သည်လေအတိုးအလျှော့တွင်ပါဝင်သောတန်ဖိုးများမှာ
အနည်းဆုးံ၂၀ မှ အများဆုးံ ၁၀၀ ထိအသုးံပြုနိုင်ပါသည်။မှတ်ချက်။ ။လေအဆုးံထိတင်ဖြုတ်သောအခါ
တွင်မြန်မြန်ဆန်ဆန်ပြုတ်ပါလိမ့်မည်။ဒါပေမဲ့အခပ်မသင့်လျှင်ပစ္စည်းများအားလွှင့်သွားတတ်ပါသည်။
နောက်အစိတ်အပိုင်းတစ်ခုကတော့Air adjust
control ၏ညာဘက်ဘေးတွင်တည်ရှိသော ခလုတ်
နှစ်ခုသည် channel up နှင့် channel down ခလုတ်တို့ဖြစ်ပါတယ်။၎င်းခလုတ်များ အပူချိန် channel 1,channel 2,channel 3 ခလုတ်များကိုနှိပ်ပြီး၊မိမိအသုးံပြုလိုသော အပူချိန် channel 1,2,3, ကိုနှိပ်ပါ၊နှိပ်ပြီးပါက မိမိတို့အသုးံပြုလိုသောအပူချိန်တန်ဖိုး
အားပြောင်းချင်သောအခါ၊အတိုး၊အဗလျှာ့ပြုလုပ်ပေးရမည်ဖြစ်ပါသည်။ဥပမာအနေဖြင့် ရှင်းပြရလျှင်
အပူချိန် ၂၉၀ ဒီဂရီ ပေးမယ်ပဲထား၊channel 2 ခလုတ်ကိုနှိပ်လိုက်ပါ။နှိပ်ပြီးသောအခါတွင် အပူချိန်
ကို l.c.d ဒိုင်ခွက်တွင်ဖော်ပြရာတွင် အပူချိန်သုးံရာ
ဖော်ပြနေပြီး ၊မိမိလိုချင်သော အပူချိန် ၂၈၀ အားလျှော့လိုလျှင် Air adjust control ၏ ညာဘက်တွင်တည်ရှိသော channel down ခလုတ်ဖြင့်၊အပူချိန်
၂၈၀ ဒီဂရီရောက်လာသည့်အထိလျှော့ပေးရပါမည်။
အပူချိန် ၂၈၀မှ ၂၉၀ အပူချိန်တင်လိုလျှင် channel up ဟူသော air adjust control ၏ညာဘက်အပေါ်ခလုတ်အားနှိပ်ပြောင်းပေးရပါမည်။
နောက်ထပ် function အစိတ်အပိုင်းတစ်ခုကတော့ Quick 2008 model နံပတ်နှင့် CH1,CH2,
CH3....နှစ်ခုကြားတွင်တည်ရှိသော L.C.D(liquid crystal display)ဟုခေါ်ဆိုသော၊ဒိုင်ခွက်သည်
အပူချိန်တန်ဖိုးနှင့် လေတန်ဖိုးများကိုဖော်ပြပေးထားခြင်းဖြစ်ပါသည်။၎င်းl.C.D ဒိုင်ခွက်တွင်ဖော်ပြသောဂဏန်းတန်းဖိုးများသည် ၊အပူချိန်ကိုဖော်ပြသောဂဏန်းသည်အရွယ်အစားကြီးပြီး၊L.C.D ဒိုင်ခွက်၏ညာဘက်အောက်တွင်တည်ရှိသော ၊digital
ဂဏန်းအသေးသည်၊ လေတန်ဖိုးကိုဖော်ပြနေခြင်းဖြစ်ပါသည်။
Heat Gun(Quick 2008)တွင်အသစ်ဝယ်ရာတွင်
ပါဝင်သော၊ heat gun ပြောင်းသည် အရွယ်အသေးအကြီးဟူ§ မိမိဖြုတ်မည့်ပစ္စည်းအရွယ်အစားအပေါ်မှု၊ ပြောင်းကို အသေး၊အကြီး၊အလတ်ဟူ§ပြောင်းပေးရပါမည်။အများအသုးံပြုရမည်ပြောင်းမှာ အလတ်
အရွယ်အစားကိုသာအများဆုးံအသုးံပြုရပါလိမ်မည်
လို့ပြောကြားရင်းနဲ့ဘဲ နိဂုန်းချုပ်အပ်ပါတယ်ခင်ဗျာ။
အားလုးံပဲကျနော်ရေးသားထားအကြောင်းအရာ
များနားမလည်ခြင်း၊သဘောမပေါက်ခြင်းဖြစ်နေပါက
Chat box မှမေမြန်းနိုင်ပါတယ်ခင်ဗျာ။မိတ်ဆွေ၊
သူငယ်ချင်းများနှင့်ချစ်တပည့်အားလုးံအတွက်
နောက်ထပ်အချိန်ရရင်လည်း၊ရသလိုမျိုး၊အားလုးံအတွက်
ကျနော်ကြိုးစားပြီးရေးပေးမှာဖြစ်ပါတယ်။မိုဘိုင်းနည်း
ပညာရပ်ဖြင့်အသက်မွေးဝမ်းကြောင်းပြုနေသူများနှင့်
မိုဘိုင်းလ်နည်းပညာရပ်အားဝါသနာပါကြသော
ညီအစ်ကိုမောင်နှမများအားလုးံနွေးထွေးစွာနဲ့ကြိုဆိုပါ
တယ်ခင်ဗျာ။အားလုးံပဲအဆင်ပြေချောမွေ့ပါစေခင်ဗျာ.
Monday, July 27, 2015
ကျနော် နည်းနည်းလောက် ပြောကြည့်မယ်ဗျာ
ဒီလို စစ်ကြည့်မလားဗျ
Power Supply ချိတ်လိုက်တာနဲ့ တီ ဆိုပီး ရှော့ကျရင်
VPH PWR နဲ့ VBat လမ်းကြောင်းတွေ စစ်သင့်တယ်
(အဲ့ထဲမှာ PMU Backlight Network စတာတွေ)
ပါဝါနှိပ်လိုက်လို့ လုံးဝ Amp တက်မလာတော့ရင်
1. Battery Connector
2. FET
3. Power Button & Power key way
4. PMU
ပါဝါနှိပ်လိုက်လို့ Amp တက်လာရင်
VBat , VPH PWR , Power Button & Power Key လမ်းကြောင်း ကောင်းနိုင်
ပါဝါနှိပ်လိုက်မှ 0.6A လောက်အထိ ချက်ခြင်း ထောင်တက်သွားရင်
CPU လမ်းကြောင်းနဲ့ PMU အထွက်ဗို့ လမ်းကြောင်းတွေ ၊
0.05A ဝန်းကျင်လောက်ပဲ တက်နေရင် FET နဲ့ PMU
0.1A - 0.2A ဝန်းကျင်လောက် တက်လာပီး ပြန်ကျသွားရင်
MTK ဖုန်းတွေမှာ PC ချိတ်ပြီး Com port သိမသိစစ်
PC သိရင် Flash tools firmware , .bin firmware ပြန်ရေးကြည့်
Qualcomm ဖုန်းတွေမှာ FET PMU စစ်
0.2A လောက်မှာ ရပ်နေပြီး ပြန်လဲမကျ ဆက်လဲ မတက် ဖြစ်နေရင်
Qualcomm ဖုန်းတွေမှာ eMMC လမ်းကြောင်းစစ်
0.4A လောက် တက်လာပြီးမှ ပြန်ပြန်ပြုတ်ကျသွားရင်
Wireless Group နဲ့ Network ပိုင်းစစ်
အကြမ်းဖျင်းလောက် ဆိုပါတော့ဗျာ ko soe myat tu
အမ်ပီယာအတက်အကျကိုကြည့်ပြီး power on sequence ကိုလေ့လာလို့ ရသလို
အမ်ပီယာ ကိုကြည့်ပြီး error ခန့် မှန်းပုံလေးပါ။အနီးစပ်ဆုံးပေါ့ဗျာ၊ဘာစကုပ်မှ
မရှိတော့လဲ ရှိတာနဲ့ ကုပ်ကြည့်တာပေါ့။
ပုံမှန်အတိုင်းကောင်းနေတဲ့စက်တွေမှာပါဝါခလုပ်နှိပ်လိုက်ရင်
0.00A ____0.07A ကိုတက်သွားပါတယ်။ တကယ်လို့  ဒီနေရာမှာ error တက်ပြီဆိုရင်
0.00A ____0.02A လောက်ပဲတက်ပြီး လွတ်လိုက်ရင်ပြန်ကျသွားတတ်ပါတယ်။အဲဒီလိုဖြစ်ရင်
ကျွန်တော်တော့အရင်ဆုံးbattery အ၀င်လမ်းကြောင်းတစ်လျှောက်စစ်ပါတယ်။ FET,AC9 တို့ စစ်ပါတယ်။
CRYSTAL စစ်ပါတယ်။လိုအပ်တာလေးတွေလဲကြည့်ပါတယ်။ဒီအခြေအနေမှာဗို့ တိုင်းကြည့်၇င်
output capacitor မှာ 0.9v လောက်ရှိနေတတ်ပါတယ်။ နောက်တစ်ချက်က CPU အလုပ်မလုပ်တာ
ဖြစ်နိင်ပါတယ်။
0.00A ____0.12A လောက်တက်ပြီးရပ်နေရင်
အရင်ဆုံး Output volts တွေစစ်ကြည့်ပါ၊ (1.1v,1.1v,1.7v) တွေရှိနေမယ်။ CPU နဲ့ EMMC တစ်ဝှက်မှာ
VDD ဗို့ လေးတွေစစ်ကြည့်ပါ။ (1.1V,1.7V) လေးတွေ ၇ှိပြီး (2.7V,3V) လောက်ဗို့  ဗို့ တစ်ခုပျောက်နေ၇င်
DC to DC လေးတွေအထွက် မှာဗို့ စစ်ကြည့်ပါ။အကယ်ရ်ျ ဒီဗို့ တွေအကုန်ရှိနေပြီးအမ်ပီယာဆက်မဆွဲ
ဘူးဆို၇င်တော့ EMMC ပျက်တာ (သို့ ) Data ပိုင်း Os ပိုင်းပျက်တာဖြစ်နိင်ပါတယ်။
MTK CPU သုံးတဲ့ဖုန်းတွေမှာ ဆိုရင် Flashtool firmware နဲ့ ပြန်ရေးကြည့်သင့်ပါတယ်။
တကယ်လို့ မရရင်တော့ emmc လဲကြည့်ရမှာပါ။ ရမရကတော့မိမိရဲ hardware skill အပေါ်မှာလဲ
မူတည်ပါတယ်။ကျွန်တော်ပြောတာက ဆက်စပ်တွေးယူပုံလောက်ပါပဲ။
0.00A ___0.22A လောက်မှာ 3G logo ကိုစတက်နေပါပြီ ဒီအခြေအနေမှာ logo မှာအကြာကြီးရပ်နေရင်
ပထမ factory reset ချကြည့်ပါ။ မရရင် firmware ပြန်တင်ကြည့်ပါမယ်။ မရရင်ပါဝါအိုင်စီလဲတာတို့ 
crystal လဲတာတို့ လုပ်ကြည့်ပါ။တစ်ခါတစ်ရံမှာ CPU RAM အပိုင်းမကောင်း၇င် system ပိုင်းကိုဆက်မဆွဲ
နိင်တော့ပဲ logo ကနေ ပြန်ကျလာတဲ့ပြစ်ချက်မျိုးတွေတွေ့ ရပါတယ်။အမ်ပီယာပိုတက်သွားပြီး CPU အိုင်စီကို စမ်းကြည့်ရင်ပုံမှန်ထက်ပိုပူနေတတ်ပါတယ်။ဒါဆိုရင်တော့ CPU လဲမှပဲ၇တော့မှာပါ။
HUAWEI C8816 ,C8815 တို့ မှာအဖြစ်များပါတယ်။ EMMC အိုင်စီမကောင်း၇င်လဲဒီလိုဖြစ်တတ်ပါတယ်။
0.00A ___0.35A,0.45A,0.55A,0.65A စသဖြင့် အမ်ပီယာတွေဆက်တက်သွားတဲ့အခါ
hardware ပိုင်းမှာရျိတဲ့ အိုင်စီတွေ components တွေတစ်ခုခုရှော့ဖြစ်တဲ့လက္ခဏာပါ။ အများအားဖြင့်
wifi အိုင်စီရှော့ဖြစ်တတ်ပါတယ်။ ဒီလိုအမ်ပီယာတက်ပြီဆိုရင်အကောင်းဆုံးကအိုင်စီလေးတွေပေါ်မှာ
လက်နဲ့စမ်းပြီးပူတဲ့ကောင်ကိုရှာဖြုတ်ပေးတာပိုကောင်းပါတယ်။ CPU,EMMC တို့ ကြောင့်လဲဒီလိုပဲ
အမ်ပီယာတွေတက်တတ်ပါတယ်။
0.00A ___0.35A လောက်ထိတန်းတက်သွားပြီးပါဝါအိုင်စီရဲ့ ထောင့်လေးတစ်ခုခုမှာပူနေရင်
အရင်ဆုံးပူတဲ့နေရာကိုအနီးစပ်ဆုံးသိဖို့ ထင်းရှုးဆီအငွေ့ ရိုက်တဲ့နည်းကိုသုံးပြီးပါဝါအိုင်စီ ရဲ့ ဘယ်နေရာ
ပူလဲဆိုတာမှတ်ထားပါ။ပြီးရင်အိုင်စီကိုဖြုတ်ပြီး 5A စပလိုင်းကို 1.1V လောက်လျှော့ချပြီး အပေါင်းကြိုးကို
ဇာဂနာအချွန်လေးတစ်ခုနဲ့ ရောညှပ်ပြီး ic pin ပူတဲ့နေရာလေးတွေကိုမှန်းပြီးထောက်ကြည့်လိုက်ပါ။
ရှော့ ရှိတဲ့ငုတ်ဆိုရင်အမ်ပီယာ တက်လာပါမယ်။အများအားဖြင့် L လမ်းကြောင်း တွေမှာရှော့ဖြစ်ရင်
CPU ဘိုက်အောက်ထဲတန်းေ၇ာက်သွားပါတယ်။ y300,y210 တွေမှာအဖြစ်များပါတယ်။
ပါဝါစပလိုင်းချိတ်ချိန်မှာအမ်ပီယာမဆွဲပဲ ပါဝါကီးနှိပ်မှ အမ်ပီယာထောင်တက်သွားမယ်လွတ်လိုက်ရင်
ပြန်ကျသွားရင် output ရှော့ဖြစ်တာပါ။
0.00A____0.45A (Output short)
ဒီလိုရှော့မျိုးကိုရှာရတာအင်မတန်ခက်ပါတယ်။ pcb တစ်လျှောက်ပျံနံ့ နေတတ်ပါတယ်။ကျွန်တော်ရှာတဲ့
ပုံကတော့ 5A ကိုဗို့ လျှော့ပြီး output coil လေးတွေဖြုတ်ရှာပါတယ်။၅၀%လောက်ပဲအဆင်ပြေတာပါ။
တစ်ခြားနည်းလမ်းတွေလဲရှိမှာပါ မီတာနဲ့ x1 ဆွဲပြီးရှာတာတို့ ၊digital meter မှာအသံ ထုတ်ပြီး ရှာကြပါတယ်။မည်သည့်နည်းလမ်းပဲဖြစ်ဖြစ် error ရှာနိင်တယ်ဆိုရင်အသုံးဝင်တာပါပဲ။လေ့လာထား
သင့်ပါတယ်။
CPU အောက်မှာခဲပူးပြီဆို၇င် 0.22A လောက်ပြတတ်ပါတယ်။
ပါဝါချိတ်လိုက်တာနဲ့  တန်းပြီးပါဝါပွင့်သွားမယ်၊ပြီးရင် battery အားသွင်းတဲ့ပုံပြပြီးအားမ၀င်တာ
မျိုးကြုံရင် PMU ကိုလဲပေးရပါတယ်။ vibrate တုန်နေရင်လဲ ပါဝါအိုင်စီကြောင့်ဖြစ်တတ်ပါတယ်။
PM 8110 အိုင်စီတွေမှာ ချာဂျင်အ၀င်ပုံပြပီး အားမ၀င်ရင် PMU လဲပေးမှရမှာပါ။
610-U00 တွေမှာ Touch မရလို့  Analog volt 2.8v နဲ့ Digital volt 1.8v တို့ မရောက်ရင်
mt 6320 ကိုလဲပေးရတတ်ပါတယ်။ 511 တွေမှာ sim မဖတ်တာမျိုးကို mt6323 လဲပေးလို့ ကောင်း
သွားတာလဲကြုံဖူးပါတယ်။ပါဝါအိုင်စီတွေဟာ ဖုန်းတစ်လုံးမှာလိုအပ်တဲ့ဗို့ တွေအကုန်နည်းပါးထုတ်ပေး
ရတဲ့အတွက် အပျက်အစီးလဲများပါတယ်။ခုနောက်ပိုင်းဝင်လာတဲ့ pm 8038 ဆိုရင် backlight ပိုင်း
တွေပါ ပါလာတဲ့အတွက် lcd အလင်းမထွက်ရင် pmu လဲရမယ့်အဖြစ်မျိုးရောက်လာပါပြီ။
အ၀င် FILTER လေးတွေမှာရှော့ဖြစ်တာဆိုရင်တော့ 0.65A လောက်ကနေ 2.00A လောက်ထိပြနေတတ်ပါတယ်။ေ၇ှာ့ဖြစ်တဲ့ပစ္စည်းလေးတွေပူနေတတ်တဲ့အတွက် ရှာရလွယ်ကူပါတယ်။
PA ရှော့ဖြစ်ရင် ပါဝါချိတ်တာနဲ့ ရှော့ ပြနေတတ်ပါတယ်။ sensor တွေရှော့ဖြစ်ရင် logo လည်နေတတ်ပါတယ်။sd card, sim card, အထိုင်နားက esd လေးတွေရှော့ဖြစ်ရင် logo မှာ
ရပ်နေတာမျိုးဖြစ်တတ်ပါတယ်။
တကယ်တော့ ဖုန်းပြင်တဲ့နေရာမှာ ပုံသေနည်းရယ်လို့ မရှိနိင်ပါဘူး။တစ်ဦးနဲ့ တစ်ဦး idea မတူသလို
အတွေ့ အကြုံခြင်းလဲမတူပါဘူး။အခြေခံကောင်းမယ်၊အတွေ့ အကြုံများမယ်ဆိုရင် အခက်အခဲတွေ
ကျော်ဖြတ်လာနိင်မှာပါ။
အားလုံးပဲအဆင်ပြေကြပါစေ။ko aung
ပုံထည်းမှာပြထားတဲ့အပိုင်းကို ကိုင်ရမှာပါ။supply ကိုတပ်ထားပြီး ပါဝါမနိုးပဲ တိုင်းကြည့်ပါ့မယ်။supply ရဲ့ test ကိုခလုတ်လေးလှည့်ပြီး အနီရောင်လက်တံနဲ့ထောက်ပါ့မယ်။
စက်မနိုးသေးပဲ supply တပ်ထားတဲ့အနေအထားမှာပဲ ကွိုင်ရဲ့တဘက်တချက်နဲ့ဒိုင်အုပ်သင်္ကေတ
လိုင်းပါတဲ့ဘက်ကို 3.3v ရှိနေရပါမည်။ကျွန်တော်တို့စစ်ရမှာ အဲ့ဒိ ပွိုင့် ၃ ပွိုင့်ကိုပဲ စစ်မှာပါ။
ဘာဖြစ်လို့လဲဆိုရင်တော့ ic ကောင်းခြင်း၊မကောင်းခြင်းကို အဲ့ဒိ ပွိုင့်၃ပွိုင့်နဲ့ စစ်မှာပါ။
အကယ်၍ နံပါတ် ၁ နေရာလေးမှာ volt ပျောက်နေရင်အောက်ကပုံထည်းကကောင်လေးကိုကိုင်ရမှာပါ။
နံပါတ်၁ကိုလက်တံအနီထောက်လျှက်ပါဝါနိုးပါမည်။နံပါတ်၁တွင်3.3voltမှ3.5volt ပြောင်းသွားရပါမည်။ဒါဆို
ရင်ဘက်လိုက်အချက်ပြလမ်းကြောင်းကောင်းလို့ပါ။ဘက်လိုက်လမ်းကြောင်းမကောင်းရင်အခုလိုပြောင်းမည်
မဟုတ်ပါ။အချက်ပြလမ်းကြောင်းသည်နံပါတ်၁နေရာလေးနှင့်အိုင်စီ၏pin-no-6ကို လည်းတပြိုင်နက်ဝင်ပါသည်။လမ်းကြောင်းတဆက်ထည်းဖြစ်ပါသည်။အိုင်စီ၏အထွက်သည်pin-no-4 ဖြစ်ပါ
သည်။ထို pin no 4 နှင့်လမ်းကြောင်းတဆက်ထည်းကပုံထည်းကအမှတ် နံပါတ် ၂ ပါ။နံပါတ် ၁ တွင် 3.5 voltရောက်သလိုနံပါတ် ၂ တွင်လည်း ကွိုင်ကောင်းသည်ဆိုလျှင် 3.5 volt ရောက်နေပါမည်။ထို volt မတွေ့ရင်အဲ့ဒိကွိုင်ကိုလဲရပါမည်။
နံပါတ်၂နေရာမှာsupplyနှင့်တိုင်း၍သာမန်voltအဖြစ်တွေ့နေရပေမဲ့ဘက်လိုက်အိုင်စီမှဘက်လိုက်အချက်ပြ
ခုန်လှိုင်းပါရှိနေမည်ကိုမေ့၍မရပါ။အိုင်စီမှအချက်ပြခုန်လှိုင်းမပါလျှင်နံပါတ်၂တွင်သာမန်voltအဖြစ်သာရှိနေ
ပါမည်။display လင်းမည်မဟုတ်ပါ။ထိုအချက်ပြခုန်လှိုင်းနှင့်ကွိုင်နံပါတ် ၂ မှ3.5 volt တို့သည် carrier သဘောတရားအရဒိုင်အုတ်၏တဘက်သို့ကူးသည်နှင့်displayတပ်ထားမည်ဆိုပါက နံပါတ် ၃ နေရာတွင်23 volt သို့ပြောင်းသွားပါသည်။back light ic ပျက်နေခြင်း၊display ပျက်ခြင်း၊conector မှကြေးငုတ်လေးများ နိမ့်နေ၍အဆက်အသွယ်မရှိခြင်း၊conector ခဲချက်လွတ်နေခြင်းများဖြစ်နေပါက 3.5 volt အဖြစ်သာတွေ့ရ
ပါလိမ့်မည်။
နံပါတ် ၃နေရာတွင် ဒိုင်အုတ်ပျက်နေရင်တော့ မည်သည့် volt မှတွေ့မည်မဟူတ်ပါ။ဘက်လိုက်လင်းချိန် 23 volt ရှိပြီး၊ဘက်လိုက်မှိန်ချိန်တွင် 3.3 volt သည်စက်သား၏ကောင်းမွန်သောအခြေအနေပင်ဖြစ်ပါသည်။
နံပါတ် ၃ ဒိုင်အုတ်၏လမ်းသည် A(+)ဖြစ်ပါကြောင်း LCD သို့ jumperလုပ်လိုသူများအတွက်ဖေါ်ပြလိုက်ရ
ပါသည်။
ဗဟုသုတအဖြစ်သူ့ schematic မဟုတ်သော်လည်းလေ့လာလိုသူများအတွက်http://www.mediafire.com/download/8qa0ine74c0vtom/backlight+pdf.pdf
http://www.mediafire.com/download/bi5r2mui4uk8077/CHARGING+AND+REGULATOR.pdf
Huawei့ 535C
Honor hol-U10
Coolpad 7295c
Coolpad 7275
Coolpad 7232
Coolpad 7060
Coolpad 5310
Coolpad 5217
Huawei
U8818
         (ကျွန်တော်စုထားတဲ့ပုံတွေပါ ပိုင်ရှင်ရှိပါတယ် အကုန်လုံးကို တောင်းပန်ပါတယ်)