Tuesday, August 4, 2015
မင်္ဂလာပါခင်ဗျာ။
ယခုတပတ်မှာတင်ဆက်ပေးချင်ပေးချင်တဲ့အကြောင်းအရာကတော့မိုဘိုင်းလ်ဖုန်းပြု ပြင်ရာ§ အသုးံပြု ရသော 1Ampere Power Supply
စက်အကြောင်းကိုအသေးစိတ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
ကဲဒါဆိုရင် စက်အသုးံပြုနည်းလေးကိုစလိုက်ရအောင်နော်..............
၎င်းPS တွင်ပါဝင်သောအစိတ်အပိုင်းမှာ........
‪#‎Dial‬ Scale ဟူ၍ဒိုင်ခွက်နှစ်ခုပါဝင်မှာဖြစ်ပါတယ်။
ဘယ်ဘက်ကdial scaleသည် V သင်္ကေတသည်
D-C(direct current)Volt ကိုရည်ညွှန်းဖော်ပြထားခြင်းဖြစ်ပါတယ်ခင်ဗျာ။၎င်းဒိုင်ခွက်သည် မိမိပေးသောဗို့အားများအလိုက်ညွှန်ပြပေးမှာဖြစ်ပါ
တယ်။ဥပမာ။ ။မိမိ ၄ဗို့ပေးလိုပါက ၄င်းV ဒိုင်ခွက်တွင် ၄စကေးစိတ်တွင် မြားတံ(pointer)အားညွှန်ပြနေပါလိမ်မည်။
ညာဘက်က dial scale သည် A သင်္ကေတသည်
Ampere အားကိုဖော်ပြပေးထားခြင်းဖြစ်ပါတယ်။
၎င်း A ဒိုင်ခွက်သည် ဘာကိုဆိုလိုချင်တာလဲဆိုတော့
ဥပမာ။ ။ PCB (printed circuit board)သို့မဟုတ်
ဆားကစ်ဘုတ်ပြားတစ်ပြားအား D-C volt 4Volt
ပေးပြီး power နှိုးရာ§ Board ပြား၏အလုပ်လုပ်ရာ§
ဘယ်လောက်A ဆွဲတယ်ဆိုတာကိုဖော်ပြပေးခြင်းဖြစ်ပါတယ်။ဆားကစ်ဘုတ်ပြားတစ်ပြား§ ပုံမှန်ဆွဲရ
မည့် A အားမှာ 0 to 0.2 ကြားတွင်သာဖော်ပြပေးရမည်ဖြစ်ပါတယ်။0 to 0.2 အထက်မြားတံ(pointer)သည်ပြသနေပါက ၄င်းဘုတ်ပြားသည် ပုံမှန် A တော့မဟုတ်ပါ။ထားပါတော့
A ဒိုင်ခွက်နှင့်ပတ်သက်ပြီးတော့နားလည်လောက်မယ်လို့ထင်မိပါတယ်ခင်ဗျာ။
နောက်တစ်ခုကတော့ V ဒိုင်ခွက်ရဲ့အောက်တွင်တည်ရှိသော adjust control သည် D-C voltage ကိုလိုအပ်သလို အတိုးအလျှော့ ညှို့လို့ရအောင်
ထည်သွင်းထားသော control ဖြစ်ပါတယ်။
မှတ်ချက်။ ။မိုဘိုင်းဖုန်းပြု ပြင်ရာ§ ပေးရမည် D-C power voltage မှာ 4 volt to 5 volt သာအသုးံပြုရပါလိမ့်မည်။5 volt ထက်ကျော်ပေးပါ
က၄င်းဆားကစ်ဘုတ်တွင်တည်ရှိသော AC1 I.C နှင့်
PMU I.C တိုလောင်ပြီး Shock ကျတတ်ပါလိမ်မည်။
Output ဆိုသောစာရဲ့ဘေးတွင်တည်ရှိသောအနီ
ပေါက်နှင့်အနက်ပေါက်ဟူ၍နှစ်ပေါက်ရှိပါတယ်ခင်ဗျာ။၎င်းအပေါက်များသည် power supply ကြိုးထည်ရမည့်ဖြစ်ပြီးအနီတွင်အနီကြိုးထည့်အနက်ပေါက်တွင် အနက်ကြိုးထည့်ရမည်ဖြစပါတယ်။၎င်းထည့်သွင်းလိုက်သောကြိုးစသည် ဆားကစ်ဘုတ်၏ အပေါင်းအနုတ်ချိတ်ပေးရမည်ဖြစ်ပါတယ်။
နောက်ထပ်ပြောချင်တာကတော output ၏မျက်နှာချင်းဆိုင်တွင်တည်ရှိသော Test ဆိုတဲ့အကြေင်းပြောပြချင်ပါတယ်။Test ဆိုသည်မှာအပါင်းပေါက်နှင့်အနုတ်ပေါက်ဟူ၍ နှစ်ပေါက်ပါဝင်မှာဖြစ်ပါတယ်။အနက်ပေါက်သည် test တိုင်းသောအနက်တံသည်
ထည်စရာမလိုအပ်ပါ၊အဘယ်ကြောင့်ဆိုသော် output တွင်တည်ရှိသောအနက်အားဆားကစ်ဘုတ်
ချိတ်လိုက်ပါ ၄င်းနစ်ခုသည်တစ်ဆက်တည်းဖြစ်သောကြောင့်ထည်တိုင်းရန်မလိုအပ်တော့ပါ။အနီပေါက်တွင်တော့ probe တံအနီတံထည့်ပြီး ဗို့များတိုင်းရမှာ
ဖြစ်ပါတယ်။ဗို့တိုင်းရာတွင် output နှင့် test ဟူ၍စာသား၏အပေါ်တွင် အတံလေးတစ်ခုရှိပါသည်။၎င်းအတံလေးသည် ဘယ်ဘက်ကိုရွှေ့ပါက power supply မှပေးသောဗို့ကိုဆိုလိုထားခြင်းဖြစ်သည်။ညာဘက်ရွှေ့သောအခါတွင် ဆားကစ်ဘုတ်ပြား၏
အတွင်း§ Capacitor,Resistet,Coil,Doide...... I.Cအစရှိသဖြင့်ပစ္စည်းများအားအလုပ်လုပ်နိုင်အောင်ပေးသောဗို့စစ်ရာ§ အသုးံပြုရခြင်းဖြသ်ပါတယ်ခင်ဗျာ။
အထက်ဖော်ပြပါအစိတ်အပိုင်းများပြီးဆုးံပါက
L.E.D. မီးအနီရောင်ဖြင့်ဖော်ပြပေးထားသော
digital ဂဏန်းသည် မိမိပေးချင်သောဗို့(သို့မဟုတ်)
ဆားကစ်ဘုတ်ပတ်လမ်းအတွင်းရှိသော Capacitor
Resister,Diode,Coil,I.C .........အစရှိသဖြင့်ပစ္စည်း
များတွင်ဘယ်လောက်ဗို့ရောက်မရောက် ၊ရှိမရှိကိုပြသပေးသော L.E.D. Digital ဂဏန်းများဖြစ်ပါတယ်။
Test ၏အပေါ်တွင်တည်ရှိသောအနီရောင်ခလုတ်တွင်powerလို့ ရေးထားတာကတော့သည် အားလုးံသိမယ်လို့မျှော်လင့်မိပါတယ်။၎င်းစက်ရဲ့power on,off switch ဖြစ်ပါတယ်။နောက်ဆုးံတစ်
ခုကျန်ရှိတဲ့အပိုင်းကတော့ L.E.D Digital ဂဏန်းရဲ့ဘေးတွင်တည်ရှိသော R.F(radio frequency)ကိုဆိုလိုထားတာဖြစ်ပါတယ်။Radio
Frequency ဆိုသည်မှာဘာကိုဆိုလိုတာလဲဆိုတော့
မိုဘိုင်းလ်network၏တုန်ကြိမ်နှုန်းလှိုင်းနှင့်ချိတ်ဆက်မိသောအခါ§ R.F ၏အပေါ်တွင် radio frequency
ဖော်ပြသောတန်ဖိုးကိုဆိုလိုထားခြင်းထားဖြစ်ပါတယ်လို့ပြောကြား နိဂုးံချုပ်လိုက်ပါတယ်ခင်ဗျာ။နားမလည်လိုက်သောအပိုင်းများအား chat box မှတစ်ဆင့်လှမ်းမေးနိုင်ပါတယ်။
ကျနော်ရေးသားတင်ဆက်သော 1A(ampere) Power Supply အသုးံပြုနည်းအား မိတ်ဆွေ၊သူငယ်ချင်း၊ညီအစ်ကိုမောင်နှမများနှင့်ချစ်တပည့်များအားလုးံ
အား သိသောသူရှိသလို မသိသေးသောသူများရှိကြလိမ့်မယ်လိုထင်မိပါတယ်။သိသောသူများကလည်း ပို၍မှတ်မိပြီးတော့၊မသိသေးသောသူကလည်းအတိုင်းအတာတစ်ခုလောက်ထိတော့နားလည်မယ်လို့လည်းထင်မပါတယ်။အားလုးသဘောပေါက်နားလည်တယ်ဆိုရင်တော့
ကျနော်လည်း အပင်ပန်းခံရကြိုးလေးနပ်ပါတယ်။
အားလုးံကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာပြီး လိုအင်ဆန္ဒတစ်လုးံတစ်ဝ ပြည့်ဝပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ခင်ဗျာ။
No comments:
Post a Comment