Tuesday, August 4, 2015
မင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာ....
ယခုတစ်ခေါက်မှာပြောချင်သောအကြောင်း
အရာကတော့ ၊မိုဘိုင်းဖုန်းပြုပြင်ရာတွင်မသုံးမဖြစ်
အသုးံပြုရမည့်စက်အကြောင်းကိုအသေးစိတ်ဖော်ပြ
ပေးသွားမှာဖြစ်ပါတယ်။၎င်းစက်အမျိုးအစားသည်
မိုဘိုင်းလ်ဖုန်းဟန်းဆက်၏အတွင်းတွင်တည်ရှိကြ
သော Capacitor(C),Coil(L),Diode(D),Transistor
(Q),Fuse(F),Resister(R),Crystal(Y),I.C(integrated circuit),Connector(J),L.C.D(liquid crystal display),Touchနှင့်Glass.......အစရှိသဖြင့်ပစ္စည်း
များဖြုတ်ခြင်း၊တပ်ခြင်းပြုလုပ်ရာအသုးံပြုရခြင်းဖြစ်ပါသည်။၎င်းစက်အမျိုးအစား၏အမည်မှာHeat Gun (Quick 2008)စက်ဖြစ်ပါသည်။Heat Gun သည်
တာအသုးံပြုချင်ကြသူများအား Quick 2008 ကိုအ
သုးံပြုကြပါလို့ပြောကြားချင်ပါတယ်ခင်ဗျာ။ Quick 2008 အရည်အသွေးကောင်းတယ်လို့ပြောပြီး၊ကျန်သော Heat Gun အမျိုးအစားများအားမကောင်းဘူးလို့ဆိုလိုချင်တာတော့ မဟုတ်ပါဘူး၊သူဟာဘေးနံ့သူတော့အဆင်ပြေပါတယ်။မှတ်ချက်။ ။Heat
Gun & Soldering Iron တွဲလျှက်ပါဝင်သောစက်များ
အား အရည်အသွေးမပြည်မှီသောကြောင့် ၅လ၊၆လ
လောက်သာအသုးံပြုရပြီးတော့ အထဲထဲ့တွင်ပါဝင်သော Transformer များပျက်တက်ကျပါသည်။အဲဒီ
တော့ အသုးံမပြုဖို့ဘဲတိုက်တွန်းချင်ပါတယ်ခင်ဗျာ။Heat Gun ဈေးနှုန်းများမှာတော့ ၊အမျိုးအစားအပေါ်
မှုတည်ပြီးတော့ ၅သောင်း လောက်မှစ§ ၈သောင်း
လောက်ထိတော့ရှိပါတယ်ခင်ဗျာ။
အခုမှစတင်ပြီးတော့ Heat Gun (Quick 2008)
နဲ့ပတ်သတ်ပြီးတော့ အသုးံပြုပုံပြုနည်းကိုရှင်းပြပေးတော့မှာဖြစ်ပါတယ်။ကျနော်တို့ heat gun၏ဘယ်ဘက် အပေါ်ထိပ်ဘက်ရေးထားသော CH1,CH2,
CH3 function အကြောင်းအရာကိုရှင်းလင်းပေးမှာ
ဖြစ်ပါတယ်။CH၏အရှည်ကောက်မှာ channelဖြစ်ပြီး
တော့ channel 1,2,3သည် အပူချိန်သင်္ကေတကိုဖော်ပြသောစာသားဖြစ်ပါသည်။channel 1သည်အပူချိန်
၁၀၀ဒီဂရီကိုဆိုလိုပြီး၊channel 2သည်အပူချိန် ၃၀၀
ဒီဂရီဖြစ်ပြီး၊channel 3သည်အပူချိန် ၅၀၀ဒီဂရီတို့ဖြစ်ပါတယ်။၎င်းအပူချိန်များသည် မိုဘိုင်းဖုန်းဆားကစ်
ဘုတ်ပြားပေါ်တွင်တည်ရှိသော R,C,L,D,F,Q,Y,J,I.C...
အစရှိသဖြင့်ပစ္စည်းများအားဖြုတ်ခြင်း၊တပ်ခြင်းတို့ပြု
လုပ်ငေါအခါတွင်အသုးံပြုရမည့်ဖြစ်ပြီး၊အပူချိန်မှာတော့ ၂၇၀ ဒီဂရီမှ ၃၀၀ ဒီဂရီကြားတွင်သာအသုးံပြုရ
မည်ဖြစ်ပြီး၊၃၀၀ဒီဂရီအပူချိန်ထက်ကျော်လွန်ပါ၊အခပ်
မသင့်လျှင်မိမိဖြုတ်သောပစ္စည်း(သို့မဟုတ်)ဆားကစ်
ပတ်လမ်းများအား ပျက်တတ်ခြင်း၊ရှော့စ်ကျခြင်းတို့
ဖြစ်တတ်ပါသည်။အဓိကပြောချင်တာကတော့ အပူချိန်ဒီဂရီ ၃၀၀ ထက်မကျော်လွန်ဖို့သတိပေးချင်ပါတယ်ခင်ဗျာ။
နောက် function တစ်ခုကတော့ CH1,CH2,
CH3....အောက်တွင်တည်ရှိသော Air လို့စာသားရေးထားပြီး၊၄င်း Air adjust control သည် လေအ
တိုး၊အလျှော့ပြုလုပ်သောအခါတွင်အသုးံပြုရမည့်
Adjust control ဖြစ်ပါသည်။Air controlသည်ဆား
ကစ်ဘုတ်ပြားရှိပစ္စည်းများအားဖြုတ်ခြင်း၊တပ်ခြင်းပြု
လုပ်သောအခါတွင် အပူချိန်သည် ၂၈၀ မှ ၃၀၀ထိ
ထားပြီး၊လေကတော့ ၈၀ မှ ၁၀၀ ထိထားပြီးပေးပြီး
ဖြုတ်ပေးရပါမည်။Air adjust control သည်လေအတိုးအလျှော့တွင်ပါဝင်သောတန်ဖိုးများမှာ
အနည်းဆုးံ၂၀ မှ အများဆုးံ ၁၀၀ ထိအသုးံပြုနိုင်ပါသည်။မှတ်ချက်။ ။လေအဆုးံထိတင်ဖြုတ်သောအခါ
တွင်မြန်မြန်ဆန်ဆန်ပြုတ်ပါလိမ့်မည်။ဒါပေမဲ့အခပ်မသင့်လျှင်ပစ္စည်းများအားလွှင့်သွားတတ်ပါသည်။
နောက်အစိတ်အပိုင်းတစ်ခုကတော့Air adjust
control ၏ညာဘက်ဘေးတွင်တည်ရှိသော ခလုတ်
နှစ်ခုသည် channel up နှင့် channel down ခလုတ်တို့ဖြစ်ပါတယ်။၎င်းခလုတ်များ အပူချိန် channel 1,channel 2,channel 3 ခလုတ်များကိုနှိပ်ပြီး၊မိမိအသုးံပြုလိုသော အပူချိန် channel 1,2,3, ကိုနှိပ်ပါ၊နှိပ်ပြီးပါက မိမိတို့အသုးံပြုလိုသောအပူချိန်တန်ဖိုး
အားပြောင်းချင်သောအခါ၊အတိုး၊အဗလျှာ့ပြုလုပ်ပေးရမည်ဖြစ်ပါသည်။ဥပမာအနေဖြင့် ရှင်းပြရလျှင်
အပူချိန် ၂၉၀ ဒီဂရီ ပေးမယ်ပဲထား၊channel 2 ခလုတ်ကိုနှိပ်လိုက်ပါ။နှိပ်ပြီးသောအခါတွင် အပူချိန်
ကို l.c.d ဒိုင်ခွက်တွင်ဖော်ပြရာတွင် အပူချိန်သုးံရာ
ဖော်ပြနေပြီး ၊မိမိလိုချင်သော အပူချိန် ၂၈၀ အားလျှော့လိုလျှင် Air adjust control ၏ ညာဘက်တွင်တည်ရှိသော channel down ခလုတ်ဖြင့်၊အပူချိန်
၂၈၀ ဒီဂရီရောက်လာသည့်အထိလျှော့ပေးရပါမည်။
အပူချိန် ၂၈၀မှ ၂၉၀ အပူချိန်တင်လိုလျှင် channel up ဟူသော air adjust control ၏ညာဘက်အပေါ်ခလုတ်အားနှိပ်ပြောင်းပေးရပါမည်။
နောက်ထပ် function အစိတ်အပိုင်းတစ်ခုကတော့ Quick 2008 model နံပတ်နှင့် CH1,CH2,
CH3....နှစ်ခုကြားတွင်တည်ရှိသော L.C.D(liquid crystal display)ဟုခေါ်ဆိုသော၊ဒိုင်ခွက်သည်
အပူချိန်တန်ဖိုးနှင့် လေတန်ဖိုးများကိုဖော်ပြပေးထားခြင်းဖြစ်ပါသည်။၎င်းl.C.D ဒိုင်ခွက်တွင်ဖော်ပြသောဂဏန်းတန်းဖိုးများသည် ၊အပူချိန်ကိုဖော်ပြသောဂဏန်းသည်အရွယ်အစားကြီးပြီး၊L.C.D ဒိုင်ခွက်၏ညာဘက်အောက်တွင်တည်ရှိသော ၊digital
ဂဏန်းအသေးသည်၊ လေတန်ဖိုးကိုဖော်ပြနေခြင်းဖြစ်ပါသည်။
Heat Gun(Quick 2008)တွင်အသစ်ဝယ်ရာတွင်
ပါဝင်သော၊ heat gun ပြောင်းသည် အရွယ်အသေးအကြီးဟူ§ မိမိဖြုတ်မည့်ပစ္စည်းအရွယ်အစားအပေါ်မှု၊ ပြောင်းကို အသေး၊အကြီး၊အလတ်ဟူ§ပြောင်းပေးရပါမည်။အများအသုးံပြုရမည်ပြောင်းမှာ အလတ်
အရွယ်အစားကိုသာအများဆုးံအသုးံပြုရပါလိမ်မည်
လို့ပြောကြားရင်းနဲ့ဘဲ နိဂုန်းချုပ်အပ်ပါတယ်ခင်ဗျာ။
အားလုးံပဲကျနော်ရေးသားထားအကြောင်းအရာ
များနားမလည်ခြင်း၊သဘောမပေါက်ခြင်းဖြစ်နေပါက
Chat box မှမေမြန်းနိုင်ပါတယ်ခင်ဗျာ။မိတ်ဆွေ၊
သူငယ်ချင်းများနှင့်ချစ်တပည့်အားလုးံအတွက်
နောက်ထပ်အချိန်ရရင်လည်း၊ရသလိုမျိုး၊အားလုးံအတွက်
ကျနော်ကြိုးစားပြီးရေးပေးမှာဖြစ်ပါတယ်။မိုဘိုင်းနည်း
ပညာရပ်ဖြင့်အသက်မွေးဝမ်းကြောင်းပြုနေသူများနှင့်
မိုဘိုင်းလ်နည်းပညာရပ်အားဝါသနာပါကြသော
ညီအစ်ကိုမောင်နှမများအားလုးံနွေးထွေးစွာနဲ့ကြိုဆိုပါ
တယ်ခင်ဗျာ။အားလုးံပဲအဆင်ပြေချောမွေ့ပါစေခင်ဗျာ.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment